၂၀.၉.၂၀၂၅ရက်ယနေ့၊ မြန်မာစံတော်ချိန်၀၂နာရီ ၄၅မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ အကွက်အမှတ်(၁၇)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။မြန်မာစံတော်ချိန်အားဖြင့်၀၂ နာရီ၅၃ မိနစ်အချိန်တွင်မီးငြိမ်းနိုင်ခဲ့ပါသည်။အဆိုပါဖြစ်စဥ်ေကြာင့်ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ယခုထိမသိရှိရသေးပါ။



