မြန်မာအလုပ်သမား ထိုင်းနိုင်ငံတွင် လုပ်ကိုင်ရင်း သေဆုံး၊ အမှန်တရားအတွက် WAG ကူညီ

Sep 19 • 8:59 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာအလုပ်သမား ထိုင်းနိုင်ငံတွင် လုပ်ကိုင်ရင်း သေဆုံး၊ အမှန်တရားအတွက် WAG ကူညီ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆင်ထိဝါမြို့ရှိ စက်ရုံတစ်ခုတွင် MOU အလုပ်သမားအဖြစ် လုပ်ကိုင်နေသော ကိုမိုးထက်ယံ (၂၆ နှစ်)သည် စက်ရုံ၌ လုပ်ကိုင်ခဲ့သည်မှာ နှစ်လကျော်ရ...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆင်ထိဝါမြို့ရှိ စက်ရုံတစ်ခုတွင် MOU အလုပ်သမားအဖြစ် လုပ်ကိုင်နေသော ကိုမိုးထက်ယံ (၂၆ နှစ်)သည် စက်ရုံ၌ လုပ်ကိုင်ခဲ့သည်မှာ နှစ်လကျော်ရှိပြီဖြစ်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့လည် ၂ နာရီခန့်က စက်ရုံအတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုကြောင့် သူသည် ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခံခဲ့ရပြီး ထိုည ၁ နာရီတွင် ကွယ်လွန်သွားခဲ့သည်။ စက်ရုံမှ မြန်မာစကားပြန်က သူငယ်ချင်းများ အချင်းချင်း နောက်ပြောင်ရင်းဖြစ်ခဲ့သည်ဟု ဖြေကြားခဲ့သည်။သို့ရာတွင် ကွယ်လွန်သူ၏ ဇနီးနှင့် အစ်ကိုတို့မှာ ဖြစ်စဉ်အမှန်ကို မသိရှိရသဖြင့် ကျေနပ်မှုမရှိခဲ့ပေ။

news-view-count-icon

8