ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ အလုပ်သမားအခွှင့်ရေးချိုးဖောက်ခံရလို့ အလုပ်သမားသံရုံးမှသွားရောက် အကူညီပေးခဲ့

Sep 19 • 4:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ အလုပ်သမားအခွှင့်ရေးချိုးဖောက်ခံရလို့ အလုပ်သမားသံရုံးမှသွားရောက် အကူညီပေးခဲ့

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ King Clean (Electric) Co.,Ltd စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများမှ လုပ်ခလစာမရရှိမှု၊အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမ...

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ King Clean (Electric) Co.,Ltd စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများမှ လုပ်ခလစာမရရှိမှု၊အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး အလုပ်သမားသံအရာရှိရုံးထံ သတင်းပေးတိုင်ကြားလာခဲ့ပါသည်။ ထို့ကြောင့် စက်တင်ဘာ၁၇ရက်နေ့တွင် အလုပ်သမားသံမှူးနှင့်အဖွဲ့မှ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) တာဝန်ရှိသူအဖွဲ့နှင့်ပူးပေါင်းကာ ထိုစက်ရုံသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး အလုပ်သမားအခွင့်အရေးများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးခဲ့ပါသည်ဟု ပြောကြားထားပါသည်။ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါက အောက်ဖော်ပြပါ အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးတိုင်ကြားနိုင်ပါသည်။

အလုပ်သမားသံအရာရှိရုံး (Call Center) 020030015

အလုပ်သမားသံမှူး (ဗန်ကောက်) 0948150569

အလုပ်သမားသံအရာရှိ(ဗန်ကောက်) 0652206952

အလုပ်သမားသံအရာရှိ(မဲဆောက်) 0652206953

အလုပ်သမားသံအရာရှိ(ချင်းမိုင်) 0945866607

အလုပ်သမားသံအရာရှိ(ရနောင်း)

0634818121

news-view-count-icon

4