ဂျော့ဂျီယာပြည်နယ်က Jake Paul vs. Gervonta Davis ပွဲစဉ်ကို ခွင့်မပြုသဖြင့် ဖလော်ရီဒါသို့ ပြောင်းရွှေ့ကျင်းပ

Sep 19 • 2:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျော့ဂျီယာပြည်နယ်က Jake Paul vs. Gervonta Davis ပွဲစဉ်ကို ခွင့်မပြုသဖြင့် ဖလော်ရီဒါသို့ ပြောင်းရွှေ့ကျင်းပ

အမေရိကန် နာမည်ကျော် လက်ဝှေ့သမား Jake Paul နဲ့ လက်ရှိ လိုက်ဝိတ်ချန်ပီယံ Gervonta Davis တို့ရဲ့ လက်ဝှေ့ပွဲဟာ မူလစီစဉ်ထားတဲ့ ဂျော်ဂျီယာပြည်နယ်ကနေ ဖလော်ရီဒါပြည်နယ်၊...

အမေရိကန် နာမည်ကျော် လက်ဝှေ့သမား Jake Paul နဲ့ လက်ရှိ လိုက်ဝိတ်ချန်ပီယံ Gervonta Davis တို့ရဲ့ လက်ဝှေ့ပွဲဟာ မူလစီစဉ်ထားတဲ့ ဂျော်ဂျီယာပြည်နယ်ကနေ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ သို့ ပြောင်းရွှေ့ကျင်းပတော့မှာ ဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။ထိုပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ မှာ ကျင်းပသွားမှာ ဖြစ်ပါသည်။မူလက ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ဂျော်ဂျီယာပြည်နယ် အားကစားကော်မရှင်ဥက္ကဋ္ဌ Rick Thompson က ခွင့်မပြုခဲ့ကာ လက်ဝှေ့သမားတွေအနေနဲ့ အားကစားကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပွဲထိုးခွင့်မရှိတာကြောင့် ပွဲစီစဉ်သူတွေဟာ တည်နေရာကို ပြောင်းလဲခဲ့ရတာဖြစ်ပါသည်။ဖလော်ရီဒါအားကစားကော်မရှင်ကလည်း ထိုပွဲကို ခွင့်ပြုမပြုဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါသည်။

news-view-count-icon

5