ကရင်ပြည်နယ် ဘားအံတွင် ကြော်ငြာ ဆိုင်းဘုတ်ပေါ်တက်ပြီး ခုန်ချရန် ကြံစည်သူကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

Sep 19 • 1:59 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ် ဘားအံတွင် ကြော်ငြာ ဆိုင်းဘုတ်ပေါ်တက်ပြီး ခုန်ချရန် ကြံစည်သူကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာ ဆိုင်းဘုတ်ကြီးတစ်ခုပေါ်မှ ခုန်ချရန်ကြံစည်သူ အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ...

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာ ဆိုင်းဘုတ်ကြီးတစ်ခုပေါ်မှ ခုန်ချရန်ကြံစည်သူ အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများက ပြောပါသည်။ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ဘားအံမြို့နယ် ဘားအံ-လှိုင်ဘွဲ ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုပေါ်သို့ အမျိုးသားတစ်ဦး တက်ရောက်နေတာဖြစ်ပါသည်။အောက်က မိဘများ၊ကျောင်းနေသူငယ်ချင်းများက ရင်တ မမကြည့်နေကြရင်း အကူအညီတောင်းခံလို့ ဘားအံခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များကလှေကားတင်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်း တွေသွားရောက် ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါသည်။ထိုအမျိုးသားမှာ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင်သွား ရောက် ကယ်ဆယ်တဲ့ လှေကားတင်ယာဉ် ဆိုင်းဘုတ်အနီးသို့ အရောက်မှာအောက်သို့ခုန်ချခဲ့သဖြင့် အောက်တွင် ကြိုတင်ပြင်ဆင်ထားတဲ့ လေမွေ့ယာပေါ်သို့ ခုန်ချမိခဲ့ကာ ထိုအမျိုးသားအသက်ရှင်အောင် ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံကိုပို့ဆောင်လိုက်သည်ဟု တာဝန်ရှိသူများက ပြောပါသည်။

news-view-count-icon

5