ပဲခူး၌ သီတင်းကျွတ်မီးထွန်းပွဲနှင့်ဈေးရောင်းပွဲ (၁၀)ရက်ကြာ ကျင်းပမည်

Sep 18 • 3:55 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူး၌ သီတင်းကျွတ်မီးထွန်းပွဲနှင့်ဈေးရောင်းပွဲ (၁၀)ရက်ကြာ ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ သီတင်းကျွတ် မီးထွန်းပွဲတော်နဲ့ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) ဈေးရောင်းပွဲတော်ကို ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော...


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ သီတင်းကျွတ် မီးထွန်းပွဲတော်နဲ့ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) ဈေးရောင်းပွဲတော်ကို ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ ယာဉ်ရပ်နားကွင်းမှာ အောက်တိုဘာ (၁)ရက်ကနေ (၁၀)ရက်အထိ (၁၀)ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီကနေ သိရပါတယ်။ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့အတူ တိုင်း ဒေသကြီးအတွင်း ထုတ်လုပ်တဲ့ MSME လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေ၊ ဒေသထွက်ထုတ်ကုန် အရောင်း ပြပွဲတွေ၊ အရောင်းဆိုင်ခန်းတွေ၊ မုန့်ဈေးတန်းတွေနဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တွေက အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ဇာတ်သဘင်တွေပါ ထည့်သွင်းကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ပွဲတော်ရက်အတွင်း အရောင်းဆိုင်ခန်းတွေအပြင် သီတင်းကျွတ်လပြည့်နေ့မှာ ပွဲတော်လာ ဧည့်ပရိသတ် တစ် သောင်းခွဲအတွက် စတုဒိသာကျွေးမွေးတာ၊ ပဲခူးမြစ်အတွင်း မီးမျှောပွဲနဲ့ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီတွေမှာ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်တာတွေကိုပါ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

7