ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် လူဦးရေထူထည်လာသည့်အမျှ နေအိမ်အဆာက်အုံများတိုးချဲ့ ဆောက်လုပ်လာသည့် နောက်ဆက်တွဲတွင် နေအိမ်များတိုင်း အင်္ဂတေများခင်းကာ မိုးအနည်းငယ်မျှရွာသော်လည်း ရေစုပ်ယူသည့် မြေသားရှားပါးလာမှု ကြောင့် ရေကြီး၊ ရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။ထို့ပြင် တောင်ကြီးမြို့ပေါ်တွင်၌ နေရာတိုင်း ကွန်ကရစ်ခင်းမှု များပြားပြီး မိုးရေ စိမ့်ဝင်မည့် မြေသားရှားပါးလာမှု အပြင် မြောင်းတွင် စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခြင်း များကြောင့် လည်းပါဝင်နေသည်။ထို့အပြင် မြို့ပေါ်တွင် မူလက ရေကြီးမှု မရှိခဲ့သည့် ရပ်ကွက်များတွင်တောင် မိုးရွာတိုင်းရေချောင်းများ ရေကြီး၊ ရေလျှံမှု ကြုံတွေ့လာရ ကြောင်းသိရပါသည်။ရေချောင်းထဲသို့ အမှိုက်စွန့်ပြစ်ခြင်းများလည်း များနေကြောင်း သိရသည်၊၊



