၁၈.၉.၂၀၂၅ ရက်နေ့၊ ၁၇ :၁၀ အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ ကားလမ်းဘေး မဲဘောင်တံတားအနီး ဆိုင်းဘုတ်ပေါ်သို့ လူ(၁)ဦး တက်နေကြောင်း သတင်းရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ လှေကားတင်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ၁၇ ၅၅ အချိန်ခန့်တွင် လှေကားတင်ယာဉ်ဖြင့် ကယ်တင်ရန် ဆောင်ရွက်စဉ် လှေကားတင်ယာဉ်မှ ဆိုင်းဘုတ်အနီးသို့ ရောက်ရှိသောအခါ အောက်သို့ခုန်ချခဲ့ရာ အောက်တွင် ကြိုတင်ပြင်ဆင်ထားသော လေမွေ့ယာပေါ်သို့ ခုန်ချမိ၍ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါသည်။



