ဟင်္သာတမြို့ရှိ ရွာကျောင်းများနှင့် မြို့ပေါ်ကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီးအစီးရေ (၇၀၀) ကျော်လှူဒါန်းပေးခဲ့သည့် အလှူမြင်ကွင်းအချို့ ဖြစ်ပါသည်။ ထိုစက်ဘီး အစီးရေ (၇၀၀) ကျော်ကို ဟင်္သာတမြို့ရှိ ရွာကျောင်းများ နှင့်မြို့ပေါ်ကျောင်းများတွင် တက်ရောက်နေကြပြီး ကျောင်းနှင့်နေအိမ်ဝေးကွာသည့် ကျောင်းသား၊သူများကိုစာရင်းပြုစုကာ င်္ဟသာတမြို့တွင် နေထိုင်ခဲ့ဖူးသည့် မိသားစုတစုက လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။ထိုစက်ဘီးများသည် ဂျပန်စက်ရုံတွင်သီးခြားအော်ဒါစနစ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာ့ဆိပ်ကမ်းအရောက်(တန်ဖိုး - ၈၅၀,၀၀၀) ကျပ်ခန့်ရှိသည်ဟု သိရသည်။လက်ရှိ၌ စက်ဘီးများကို ဟင်္သာတ တရုပ်ဘုံကျောင်းက ဦးစီးဆောင်ရွက်လှူဒါန်းပေးနေပြီး စစ်ကုန်း၊ မန်းကုန်း ၊ ရွာသစ်တောင်၊ ကြွက်ကျွန်း၊ လက်ပံလှ၊ ဝဲကြီးကျေးရွာကျောင်းများနှင့် မြို့ပေါ် အထက ၁_၂_၃_၄ _၅_၆၊ အလက ၂_၃_၄_၆ကျောင်းသားများကို စက်ဘီး ၅၄၇ စီးအား ပထမသုတ်လှုဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဟင်္သာတမြို့ရှိ ကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများအတွက် စက်ဘီး ၇၀၀ ကျော်လှူဒါန်း
Sep 18 • 12:27 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
2 | 0 | 0 | 0 |