ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသရှိ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်တွင် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ကာထိုရိုးရာ လှေလှော်ပြိုင်ပွဲသည် မကျင်းပဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ ပြန်လည်ထည့်သွင်းကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။ခြေထောက်နဲ့လှော်ရတဲ့ လှေပြိုင်ပွဲပါ၊ ခရီးသွားဆွဲဆောင်မှုအတွက်လည်း ရည်ရွယ်ပါတယ်” ဟု ပွဲတော်အကြောင်း သိရှိသူတစ်ဦးက ပြောသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် စက်တင်ဘာလ(၂၂)ရက်နေ့မှစတင်၍ ဒေသစာရီကြွချီပူဇော်ခံမည်လည်း ဖြစ်သလိုအစီအစဉ်အရ အင်းသားရိုးရာ လှေပြိုင်ပွဲကို စက်တင်ဘာလ ၂၆ရက် နေ့လည်ပိုင်းတွင် ရေလယ်ဧည့်ခန်းမရှေ့ရေပြင်၊ ၂၈ရက်နံနက်ပိုင်းတွင် ညောင်ရွှေမြို့ကမ်းနားလမ်းရှိ နန်းကပ်ချောင်း၊ အောက်တိုဘာ ၈ရက်နှင့် ၉ရက် နံနက်ပိုင်းတွင် ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ရှေ့ရေပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။