AI Esports အဖွဲ့ CAEC 2025 ပြိုင်ပွဲတွင် အုပ်စု အဆင့် စတင်ယှဉ်ပြိုင်
AI Esports အဖွဲ့ဟာ တရုတ်နိုင်ငံမှာကျင်းပတဲ့ CAEC (China - ASEAN Esports Competition) 2025 ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို စတင်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။AI Esports ဟာ Group A မှာ ပါဝင်ပြီး ဒီနေ့မှာတော့ Team Malaysia နဲ့ Team Indonesia တို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ Team Malaysia အဖွဲ့ကိုတော့ NAVI, TODAK, Gaimin Gladiators အဖွဲ့တွေက အမျိုးသမီး ပရော်ဖက်ရှင်နယ် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Team Indonesia ကတော့ MPL ID Inactive ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ဒီပြိုင်ပွဲရဲ့ Playoffs အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် AI Esports အဖွဲ့ဟာ အုပ်စုတွင်း Top 2 စာရင်းဝင်ဖို့ လိုအပ်ပါတယ်။