ဧရာဝတီမြစ်ကြောင်းသွားကုန်တင်သင်္ဘောများ အရဲစွန့်ကာသွားလာနေရဟုဆို

Sep 18 • 4:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဧရာဝတီမြစ်ကြောင်းသွားကုန်တင်သင်္ဘောများ အရဲစွန့်ကာသွားလာနေရဟုဆို

ဧရာဝတီမြစ်ကြောင်းအတွင်း ခုတ်မောင်သွားလာနေသည့်ကုန်တင်သင်္ဘောများအနေဖြင့် အခြေအနေနှင့် ဒေသတွင်းလိုအပ်ချက်အရ အရဲစွန့်သွားလာမှုများပြုလုပ်နေရကြောင်း သင်္ဘောလုပ်ငန်း...



ဧရာဝတီမြစ်ကြောင်းအတွင်း ခုတ်မောင်သွားလာနေသည့်ကုန်တင်သင်္ဘောများအနေဖြင့် အခြေအနေနှင့် ဒေသတွင်းလိုအပ်ချက်အရ အရဲစွန့်သွားလာမှုများပြုလုပ်နေရကြောင်း သင်္ဘောလုပ်ငန်းလုပ်ကိုင်သူများက ပြောပါတယ်။ဧရာဝတီမြစ်ကြောင်းတစ်လျောက် နယ်မြေအခြေအနေမတည်ငြိမ်မှုများကြောင့် ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များအတွက် စွန့်စားခုတ်မောင်း နေရခြင်းလည်းဖြစ်ပါတယ်။တော်တော်လေးကို Risk ယူပြီးသွားနေရတာပေါ့။ တချို့နေရာတွေဆိုရပ်ဆိုမြစ်လယ်မှာကျောက်ချပြီး ရပ်ထားရတာတွေရှိတယ်။ ဒီပစ္စည်းတွေမဖြစ်မနေတင်သွားဆိုလည်းတင်ရတာပဲ။ ဒီလိုပဲအဆင်ပြေသလိုသွား လာနေရတာပေါ့"ဟု ကုန်တင်သင်္ဘောပိုင်ရှင်တစ်ဦးကပြောသည်။စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင်နယ်မြေအခြေအနေအရ ကုန်သွယ်ရေးအတွက် ရေလမ်းခရီးကိုသာ အဓိကအားထားနေရခြင်းဖြစ်သည်။ယခင်က ရက်သတ္တပတ် ၁ ပတ်အတွင်းရောက်ရှိသည့်ခရီးစဥ်များမှာ လက်ရှိအချိန်တွင် အခြေအနေအရ ရက်သတ္တပတ် ၃ ပတ်အထိခုတ်မောင်းသွားလာနေရကြောင်းသိရသည်။ခုတ်မောင်းသွားလာရသည့် နယ်မြေမှာလည်းကျဥ်းမြောင်းလာကာ စစ်ကိုင်းတိုင်း၊ ကသာမြို့အထိသာ သွားလာ၍ရရှိတော့ကြောင်း ကုန်တင်သင်္ဘောဆလင်တစ်ဦးကဆိုသည်။ယခင်က ကုန်သင်္ဘောတစ်စီးကို တစ်လလျှင်အနည်းဆုံးအသွားအပြန် ၂ ခေါက်အထိခုတ်မောင်းသွား လာနိုင်သော်လည်း လက်ရှိအချိန်တွင် အသွားအပြန် တစ်ခေါက်လျှင် ရက်ပေါင်း ၆၀ကျော်အထိကြာမြင့်လျက်ရှိပါတယ်။


news-view-count-icon

21