ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ ဂေါက်ကွင်းလမ်းထိပ်တွင်ရှိသည့် ရွှေမြန်မာဟိုတယ်တွင် တရားမဝင် တရုတ်နှင့် ထိုင်းလူမျိုးများ အများအပြား ရှိနေပြီး တရားမဝင် ကာစီနို၊ KTV နှင့် ပြည့်တန်ဆာလုပ်ငန်းများ လည်ပတ်လုပ်ကိုင်နေကြောင်း ဒေသခံများက ပြောပါသည်။ရွှေမြန်မာဟိုတယ်တွင် ပထမထပ်၌ ကာစီနိုလောင်းကစားရုံ၊ ၈ ထပ်၌ ပြည့်တန်ဆာခန်းများဖွင့်လှစ် လုပ်ကိုင်နေပြီး တရားမဝင် ဝင်ရောက်လာသည့် တရုတ်လူမျိုးနှင့် ထိုင်းလူမျိုးများစွာ ရောက်ရှိနေကြောင်း၊ သီးသန့် KTV ခန်းများလည်း ဖွင့်လှစ်ထားပြီး လိုချင်သည့် မူးယစ်ဆေးဝါ အစုံရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။တာချီလိတ်မြို့တွင် ယခုကဲ့သို့ ဥပဒေမဲ့အလုပ်များ လုပ်ကိုင်နေကြသည့်အပေါ် ဒေသခံများက ဝေဖန်နေကြတာလည်း ဖြစ်ပါသည်။
ရှမ်းပြည်နယ်၊ တာချီလိတ် ရွှေမြန်မာဟိုတယ်တွင် ကာစီနိုနှင့် ပြည့်တန်ဆာလုပ်ငန်းများဖွင့်လှစ်လည်ပတ်နေတယ်ဟု ပြော
Sep 18 • 1:48 AM
မြန်မာ
ရှမ်း
မျှဝေမည်
9 | 0 | 0 | 0 |