နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာနဲ့ ဝဲကြီး ကျေးရွာ ကျေးရွာချင်းဆက်လမ်း မီးရထားသံလမ်းတွင် ထော်လာဂျီနဲ့ ရထားတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ၁၆ရက်နေ့ နေ့လည်၁၁နာရီဝန်းကျင်အချိန်က ကျောင်းကုန်းကျေးရွာ ရထားသံလမ်းကူး တွင် ယာဥ်အမှတ် ၉ဌ/ ၃၄၀၂၀ ထော်လာဂျီ အစိမ်းရောင်ယာဥ်သည် ကျောင်းကုန်းကျေးရွာဘက်မှ ဝဲကြီး ကျေးရွာဘက်သို့ မီးရထားသံလမ်း ဖြတ်သန်းမောင်းနှင်စဥ် မန္တလေး- နေပြည်တော် အစုန်ရထားနဲ့တိုက်မိ ခဲ့တာဖြစ်ပါတယ်။ထော်လာဂျီပေါ်တွင် ပိုင်ဦး နွယ်ရစ်ကျေးရွာ တပ်ကုန်းမြို့နယ်နေထိုင်သူ မောင်းနှင်ပြီး မောင်သိန်းဇော် လှိုင်မိုးဦး တို့ လိုက်ပါလာခဲ့ပြီး ရထားတိုက်မှုဖြစ်စဥ်ကြောင့် ထော်လာဂျီမောင်းသူ ပိုင်ဦးမှာ စိုးရိမ်ရတယ် လို့ သိရပါတယ်။ပိုင်ဦး တွင် ခြေသလုံး ပေါက်ပြဲဒဏ်ရာ ဒူးပွန်းခြစ်ပေါက်ပြဲဒဏ်ရာ ဦးခေါင်းဖူးရောင် ဒဏ်ရာများ ရရှိခဲ့ပြီး မောင်သိန်းဇော်တွင် လက် ဖူးရောင်နာကျင်ဒဏ်ရာနဲ့ လှိုင်မိုးဦးတွင် လက်ပေါက်ပြဲဒဏ်ရာ ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဇေယျာသီရိမြို့နယ် ကုတင်(၅၀)ဆေးရုံသို့ပို့ဆောင်ပေးထားပါတယ်။



