ထိုင်းနိုင်ငံ၊Uthai Thani မှာ Pitbull ခွေးက ၂ လသား ကလေးငယ်ကို ကိုက်သတ်ခဲ့

Sep 17 • 3:16 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊Uthai Thani မှာ Pitbull ခွေးက ၂ လသား ကလေးငယ်ကို ကိုက်သတ်ခဲ့

ထိုင်းနိုင်ငံ၊ Uthai Thani ခရိုင်၊ Nong Chang မြို့နယ်၊ Thung Pho မြို့နယ်ခွဲ၊ Ban Rong Si Mai မှ နေအိမ်တစ်ခုတွင် ယမန်နေ့ စက်တင်ဘာ ၁၆ ရက်၊ ညနေ ၃ နာရီခန့်၌ Pitbu...

ထိုင်းနိုင်ငံ၊ Uthai Thani ခရိုင်၊ Nong Chang မြို့နယ်၊ Thung Pho မြို့နယ်ခွဲ၊ Ban Rong Si Mai မှ နေအိမ်တစ်ခုတွင် ယမန်နေ့ စက်တင်ဘာ ၁၆ ရက်၊ ညနေ ၃ နာရီခန့်၌ Pitbull ခွေးဟာ လသားကလေးငယ်ကို ကိုက်သတ်ခဲ့ပါသည်။Khao Bang Kraek ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပြီး အိမ်ရှင်ကို မေးမြန်းခဲ့ရာ အမှိုက်ကောက်တဲ့ ကလေးရဲ့မိဘတွေက သူတို့ရဲ့ နှစ်လအရွယ် သမီးငယ်ကို ကလေးတွန်းလှည်းနဲ့ ခေါ်ဆောင်လာပြီး စွန့်ပစ်ပစ္စည်းတွေ လာယူဖို့ သူမရဲ့အိမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါသည်။ ၎င်းအိမ်တွင် မွေးထားသည့် "Big" အမည်ရှိ Pitbull ခွေးဟာ အိမ်ထဲက ထွက်လာကာ တွန်းလှည်းအနီးကို ချဉ်းကပ်ကာ ကလေးငယ်ကို ပါးစပ်နဲ့ ကိုက်ချီလိုက်တာကို တွေ့ရှိခဲ့ပြီး ကလေးလွှတ်ချရန် အော်ဟစ်ပြောဆိုခဲ့ရာ ခွေးက လွှတ်ချလိုက်တဲ့အတွက် ကလေးငယ်ဟာ အနီးမှာရှိတဲ့ ရေနုတ်မြောင်းတစ်ခုထဲကို ပြုတ်ကျသွားခဲ့တာဖြစ်ပါသည်။အိမ်ရှင်နဲ့ ကလေးရဲ့မိခင် နှစ်ဦးစလုံးဟာ ဒဏ်ရာရနေတဲ့ ကလေးငယ်ကို ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ပေမယ့်၊ အသက်မမှီတော့ဘဲ ကလေးငယ်ဟာ ဒဏ်ရာတွေနဲ့ ‌ သေဆုံးသွားခဲ့တာလည်းဖြစ်ပါသည်။

news-view-count-icon

22