ထိုင်းနိုင်ငံတွင် ဝန်ထမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် မီးဖွားခွင့် တိုးမြှင့်ပေးမယ့် အလုပ်သမား ကာကွယ်ရေး အက်ဥပဒေ ပြင်ဆင်ချက်တစ်ခုကို ထိုင်း လွှတ်တော်က တညီတညွတ်တည်း အတည်ပြုလိုက်ပါသည်။အတည်ပြုလိုက်တဲ့ ပြဋ္ဌာန်းချက်တွင် အမျိုးသမီးတွေဟာ အခုအခါ မီးဖွားခွင့် ရက်ပေါင်း ၁၂၀ အထိ ခံစားခွင့်ရရှိမှာဖြစ်ပြီး၊ ခွင့်ရက်တွေမှာ သူတို့ရဲ့ ပုံမှန်နေ့စဉ်လုပ်ခရဲ့ ၅၀% ကို လစာအဖြစ် ရရှိမှာ ဖြစ်ပါသည်။ထို့အပြင် ကလေးမွေးဖွားပြီးနောက် မိခင်တွေကို ကူညီဖို့အတွက် ဖခင်များမှာလည်း လစာပြည့်ခွင့် ၁၅ ရက် ရရှိမှာ ဖြစ်ပြီး ထိုခွင့်ကို ကလေးမွေးဖွားပြီး ရက် ၉၀ အတွင်း ယူနိုင်မှာ ဖြစ်ပါသည်။ထိုကာလအတွင်း၌ ဝန်ထမ်းများဟာ လစာအပြည့်အဝ ရရှိမှာလည်း ဖြစ်ပါသည်။ဥပဒေအသစ်ဟာ တော်ဝင်ပြန်တမ်းမှာ ထုတ်ပြန်ပြီး ရက် ၃၀ အကြာမှာ အသက်ဝင်မှာ ဖြစ်ပါသည်။

ထိုင်းနိုင်ငံ၊ ထိုင်းလွှတ်တော်မှ ကိုယ်ဝန်ဆောင် အမျိုးသမီးများ မီးဖွားခွင့် ရက် ၁၂၀ ရယူနိုင်သည်ဟု အတည်ပြုပေးလိုက်
Sep 17 • 1:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


