ထိုင်းနိုင်ငံ၊ကျောက်ဖရားမြစ်ကမ်းနားက ကမ္ဘာ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ ICONSIAMသည် တရုတ်နိုင်ငံရဲ့ နာမည်ကြီး art toy စတူဒီယို HEYONE၊ ထိုင်းနိုင်ငံရဲ့ အရုပ်ဖြန့်ချီရေး MORE THAN ARTS & TOYS တို့နဲ့ ပူးပေါင်းလိုက်ပြီး "HEYDAY PLAYLAND" ဆိုတဲ့ပွဲကို ကျင်းပလိုက်ပါသည်။၎င်းဟာ ထိုင်းနိုင်ငံမှာ တစ်ခါမှ မရှိဖူးတဲ့ အကြီးဆုံး pop-up store တစ်ခု ဖြစ်ပါသည်။ထို့အပြင် ပရိသတ်တွေအတွက် အထူးသီးသန့်ပစ္စည်းတွေအနေနဲ့ MIMI Blind Box Overseas Special Edition ကို ကမ္ဘာ့ပထမဆုံးအကြိမ် မိတ်ဆက်ပြသထားပါသည်။ပွဲကျင်းပတဲ့နေရာမှာ ပရိသတ်တွေ ပျော်ရွှင်စွာ ပါဝင်နိုင်ဖို့ ဖန်တီးမှုများစွာနဲ့ အပြန်အလှန် ဆော့ကစားနိုင်တဲ့ ဇုန်တွေကိုလည်း ထည့်သွင်းထားပြီး ဖွင့်ပွဲအခမ်းအနားကို Ice–Paris နဲ့ Pond–Phuwin တို့လို နာမည်ကြီး art toy ဝါသနာရှင်တွေ တက်ရောက်ခဲ့ကာ နာမည်ကြီး MIMI ကာရိုက်တာကို ဖန်တီးသူ HUHU ကိုယ်တိုင်လည်း ပရိသတ်တွေနဲ့ တွေ့ဆုံပြီး ဝယ်ယူအားပေးသူတွေကို လက်မှတ်ရေးထိုးပေးခဲ့သည်။
ထိုင်းနိုင်ငံ၊ကျောက်ဖရားမြစ်ကမ်းနားရှိ ICONSIAM မှာ အကြီးမားဆုံး Art Toy ပွဲတော် ကျင်းပ
Sep 16 • 2:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


