နမ့်လန်-မိုင်းကိုင်ကြားစစ်ဆေးရေးဂိတ်များ ဆန်နှင့် ဆေးဝါးစစ်‌ဆေးမှုတင်းကြပ်

Sep 15 • 4:12 PM

breaking-news

မြန်မာ

ရှမ်း

cover

နမ့်လန်-မိုင်းကိုင်ကြားစစ်ဆေးရေးဂိတ်များ ဆန်နှင့် ဆေးဝါးစစ်‌ဆေးမှုတင်းကြပ်

စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့နှင့် မိုင်းကိုင်မြို့ ကြားရှိ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော လိုင်းကား၊ ကုန်တင်ယာဉ်များကို စစ်ဆေးမ...

စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့နှင့် မိုင်းကိုင်မြို့ ကြားရှိ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော လိုင်းကား၊ ကုန်တင်ယာဉ်များကို စစ်ဆေးမှု တင်းကြပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ အလားတူ မိုင်းကိုင်မြို့နှင့် လဲချားမြို့ ကြားတွင်လည်း ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်နေပြီး သျှမ်းပြည်မြောက်ပိုင်းမှ တင်ဆောင်လာသည့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို ဖြတ်သန်းသွားလာခွင့် မပြုခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရကြောင်း မိုင်းကိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။ မိုင်းကိုင်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တွင်လည်း ကုန်တင်ကားများကို စစ်ဆေးတင်းကြပ်ပြီး ဆန်၊ ဆီ၊ ဆား နှင့် တရုတ်စားသောက်ကုန်ပစ္စည်းများကို တားမြစ်ထားကြောင်း သိရသည်။

 



news-view-count-icon

17