မေမြို့ကို ဆိုင်ကယ် ၂၃၄စီးနဲ့ စုတက်သွားတဲ့ ဆိုင်ကယ်စီးအဖွဲ့ဝင်ထဲမှ လူငယ်အမျိုးသားတစ်ဦး အ.က်ဆီးဒ.င့်ဖြစ်ပြီး သေဆုံ:ခဲ့

Sep 15 • 1:17 PM

breaking-news

မြန်မာ

မန္တလေး

cover

မေမြို့ကို ဆိုင်ကယ် ၂၃၄စီးနဲ့ စုတက်သွားတဲ့ ဆိုင်ကယ်စီးအဖွဲ့ဝင်ထဲမှ လူငယ်အမျိုးသားတစ်ဦး အ.က်ဆီးဒ.င့်ဖြစ်ပြီး သေဆုံ:ခဲ့

စက်တင်ဘာလ ၁၄ရက်နေ့ တနင်္ဂနွေနေ့မှာ ဆိုင်ကယ် Rider လေးတွေစုပြီး မန္တလေးကနေ မေမြို့ထင်းရူးတော ဒီဇင်ဘာခြံ အစရှိတဲ့ နေရာတွေဆီ အပျော်တမ်း စုစည်း ခရီးသွားဖို့ စီစဥ်ခဲ...

စက်တင်ဘာလ ၁၄ရက်နေ့ တနင်္ဂနွေနေ့မှာ ဆိုင်ကယ် Rider လေးတွေစုပြီး မန္တလေးကနေ မေမြို့ထင်းရူးတော ဒီဇင်ဘာခြံ အစရှိတဲ့ နေရာတွေဆီ အပျော်တမ်း စုစည်း ခရီးသွားဖို့ စီစဥ်ခဲ့ကြပြီး စုစုပေါင်း ဆိုင်ကယ် ၂၃၄စီးနဲ့ မေမြို့တက်ခဲ့ကြတယ်လို့ သိရပါတယ်။မေမြို့ရောက်အပြီးမှာ အဆိုပါ သေ ဆုံ:သူ လူငယ်က မြို့ရှောင်လမ်းမှာ သူငယ်ချင်းတစ်ယောက်ကို သွားကြိုဦးမယ်လို့ အခြားသူငယ်ချင်းတစ်ဦးကို ပြောခဲ့ပြီး ထွက်သွားခဲ့ကြောင်း. ဆိုင်ကယ်စီးဦးထုပ်ကို သူငယ်ချင်းဆီမှာထားခဲ့လို့ သူငယ်ချင်းက ၂ကြိမ်တိုင် ဆောင်းသွားဖို့ ပေးခဲ့ရာမှာ အဆိုပါ လူငယ်လေးက ခဏပဲမို့ ထားခဲ့မယ်လို့ ပြောပြီး ဆိုင်ကယ်စီးဦးထုပ်မပါဘဲ သွားခဲ့တာဖြစ်ကြောင်း. မြို့ရှောင်လမ်းမှာ တွဲကားနဲ့တွေ့ချိန် ရှော.င်လိုက်ပေမယ့် ဘေးက.ပ်ထိ.မိ.သွားပြီး လမ်းနဲ့ခေါင်:ရို-က်မိကာ ခုလိုကြုံတွေ့ခဲ့ရတာလို့ သိရပါတယ်.။ဖြစ်ခဲ့တဲ့အချိန် အဖွဲ့ဝင်အတော်များများက အခြားနေရာမှာရှိနေခဲ့ကြပြီး အနားမှာ သူတို့ရဲ့ အဖွဲ့ဝင်အနည်းငယ်နဲ့ အခြားသူတွေသာရှိခဲ့ကြောင်း ကားသမားကလည်း ရဲ.အ.မှု-ခင်:ကိစ္စဖြစ်နေလို့ မထိခိုင်းခဲ့ကြောင်း အဲဒီနားကဖုန်းလိုင်းလည်းမမိလို့ နောက်ကျမှပဲ အဖွဲ့ဝင်တွေကသိပြီး ဆေ:ရုံ.လိုက်သွားခဲ့ကြရကြောင်း အဖွဲ့ခေါင်းဆောင်ပိုင်းတချို့က ပြောထားတာ တွေ့ရပါတယ်.။မြို့ခံအချို့ကတော့ မေမြို့ဟာ ၉ဂဏန်း ရှော.င်ရကြောင်း ၂၃၄ စီး ဖြစ်တဲ့အတွက် ပေါင်းခြင်း ၉ဖြစ်နေကြောင်း အဲ့လိုဖြစ်နေရင် မောင်ကျောက်ခဲ ခေါ်ခဲ့သင့်ကြောင်း လူငယ်လေးတွေ အပြန်မှာ လူမစုံတော့တာအတွက် စိတ်မကောင်းကြောင်း ဆိုခဲ့ကြတာတွေ့ရပါတယ်. ။အဆိုပါအဖွဲ့ဘက်ကတော့ သူတို့အနေနဲ့ အမြဲလို စည်းကမ်းချက်တွေကြိုပြောပြီး စနစ်တကျပဲ သွားလေ့ရှိတာဖြစ်ကြောင်း ပြောပြခဲ့တာလည်း တွေ့ရပါတယ်။




news-view-count-icon

11