မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ မြို့တွင်းလမ်းများနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် မန္တလေးမြို့တော်စည်ပင်၏ ရေနှင့် သန့်ရှင်းမှုဌာနပိုင် မိုးရေစွန့်ထုတ်စက်ရုံ(၄)ခုမှ ရေစုပ်စက်ကြီးများဖြင့် မောင်းနှင်စုပ်ထုတ်လျက်ရှိပါသည်။စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေခဲ MBCCD မိုးရေစွန့်ထုတ်စက်ရုံရှိ ရေမှတ်မှာပုံမှန်အခြေအနေထက် (၃) လက်မခန့်မြင့်တက်လာ၍ ရေစုပ်ပန့် (၂၆)လုံးဖြင့် မိုးရေများကိုစွန့်ထုတ်ပေးနေရတာ ဖြစ်ပါသည်။လက်ရှိအချိန်တွင် ရွှေခဲ MBCCD ယာယီမိုးရေစွန့်ထုတ်စက်ရုံ၊ နဂါးနီးမိုးရေစွန့်ထုတ်စက်ရုံ၊ ၂၆ သင်္ဂဇာမိုးရေစွန့်ထုတ်စက်ရုံ၊ Detention Pond မိုးရေစွန့်ထုတ်စက်ရုံတို့မှ ရေစုပ်ပန့်များဖြင့် မိုးရေများကိုစွန့်ထုတ်ပေးနေသည်ဟု တာဝန်ရှိသူများက ပြောပါသည်။
မန္တလေးမြိုတွင် ရေကြီးရေလျှံမှုများကြောင့် မိုးရေစွန့်ထုတ်စက်ရုံများကပင် ရေစုပ်ထုတ်နေရပြီဖြစ်
Sep 15 • 9:18 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 26 | 0 | 0 | 0 |


