နေပြည်တော် ပျဉ်းမနားမြို့တွင် (၁၀၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပသွားမည်ဖြစ်

Sep 15 • 7:23 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော် ပျဉ်းမနားမြို့တွင် (၁၀၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပသွားမည်ဖြစ်

နေပြည်တော်၊ပျဉ်းမနားမြို့နယ်၏ အထင်ကရပွဲတော်ဖြစ်သည့်(၁၀၅ )ကြိမ်မြောက်၊မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများမြို့တွင်းဒေသစာရီကြွချီပူဇော်ပွဲစည်ကားစွ...

နေပြည်တော်၊ပျဉ်းမနားမြို့နယ်၏ အထင်ကရပွဲတော်ဖြစ်သည့်(၁၀၅ )ကြိမ်မြောက်၊မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများမြို့တွင်းဒေသစာရီကြွချီပူဇော်ပွဲစည်ကားစွာကျင်းပသွားမည်ဟု ဝတ်ဖြူတော် အသင်းဂေါပကအဖွဲဝင်တစ်ဦးမှပြောပါသည်။ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ မြန်မာနိုင်ငံအထင်ကရပွဲတွေထဲတွင်တစ်ခုပါဝင်ပြီး နှစ်ပေါင်းရာကျော် ဟိုယခင်ကတည်းက နိုင်ငံကျော်အဆိုရှင်များစွာ၊နိုင်ငံကျော်တီးဝိုင်းများစွာ ပါဝင်ဖျော်‌ဖြေခဲ့သည့် ပွဲတော်တစ်ခုဖြစ်ပါသည်။သို့သော်နှစ်တစ်ရာပြည့်ပွဲတော်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်ပွဲတော်မကျင်းပနိုင်ဘဲ (၂၀၂၃)ခုနှစ် မှ စပြီးဝတ်ဖြူတော်အသင်း(၈)မှဦးစီး၍ မြတ်စွာဘုရားများကိုသာ မြို့တွင်းဒေသစာရီကြွချီပူဇော်ခံပွဲကျင်းပပြုလုပ်ခဲ့ရတာဖြစ်ပါသည်။

news-view-count-icon

8