မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ပြောကြားသည်။ထို့အပြင် ပွဲတော်ကို အောက်တိုဘာလ ၁ ရက် မှ ၂၀ ရက်(သီတင်းကျွတ်လဆန်း ၁၀ ရက် မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်)အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။အနယ်နယ်အရပ်ရပ်ကလာရောက်သည့် ဘုရားဖူးပြည်သူများအတွက် ဘုရားပွဲဈေးအနေဖြင့် ဈေးဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး အခမဲ့နားနေဆောင်များကိုလည်း စီစဉ်ထားရှိမည်လည်းဖြစ်သည်ဟု ဂေါပကများမှ ပြောကြားသည်။သံဃာတော် ၁,၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉,၀၀၀၊ နံ့သာ ၉,၀၀၀၊ ပန်း ၉,၀၀၀ ပူဇော်ပွဲများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။



