ပင်လောင်းနှင့် နောင်တရား ဈေးနေ့ရောက်တိုင်း ဆိုင်ကယ်ပျောက်မှုခပ်စိပ်စိပ်ဖြစ်လာ

Sep 14 • 12:52 PM

breaking-news

မြန်မာ

ရှမ်း

cover

ပင်လောင်းနှင့် နောင်တရား ဈေးနေ့ရောက်တိုင်း ဆိုင်ကယ်ပျောက်မှုခပ်စိပ်စိပ်ဖြစ်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြိုနယ်နှင့် နောင်တရားမြို့တို့တွင် ဈေးနေ့ရောက်တိုင်း ဆိုင်ကယ် ပျောက်မှု ခပ်စိပ်စိပ် ဖြစ်လာ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြိုနယ်နှင့် နောင်တရားမြို့တို့တွင် ဈေးနေ့ရောက်တိုင်း ဆိုင်ကယ် ပျောက်မှု ခပ်စိပ်စိပ် ဖြစ်လာကြောင်း ဒေသခံဆီထံမှသိရသည်။ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့ နောင်တရား‌ ဈေးနေ့တွင်လည်း အမျိုးသားတစ်ဦး ၏ ဆိုင်ကယ်အခိုးခံရ ကြောင်းနှင့် ဆိုင်ကယ် ပျောက်ဆုံးမှုမြင့်တက်လာသဖြင့် လုံခြုံရေးယူပေးရန် လိုအပ်ကြောင်းဒေသခံဆီများမှသိရသည်။ပျောက်ဆုံးသွားသည်ဆိုင်ကယ်သည် ဝယ်ထားသည့်အချိန်မှ တစ်လတောင်မရှိ သေးကြောင်းသိရသည်။ထို့ပြင် ပင်လောင်းမြို့တွင်လည်း ယခုချိန်ကာလတွင် ဘုရားပွဲနှင့် ဘောလုံးပွဲ ရှိချိန် လူစည်ကားသည့် နေရာများတွင် ဆိုင်ကယ် ပျောက် လေ့ရှိကြောင်း သိရသည်။




news-view-count-icon

9