မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတား ပုံမှန်ဖွင့်လှစ်ထား

Sep 14 • 11:54 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတား ပုံမှန်ဖွင့်လှစ်ထား

ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ဆက်သွယ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို ပုံမှန်အတိုင်းဖွင...

ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ဆက်သွယ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး နှစ်နိုင်ငံဒေသခံများဖြတ်သန်းသွား လာလျက်ရှိသည်။မြဝတီ-မဲဆောက် အမှတ် (၁) တံတား ဖြတ်သန်းမှုစာရင်းများအရ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် လူဦးရေ ၂,၀၀၀ ခန့် နေ့စဉ်သွားလာလျက်ရှိကြောင်း သိရသည်။သို့ရာတွင် PJ, PV စသည့် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသည့်လူငယ်များဖြတ်သန်းပါက မြန်မာဘက်ခြမ်းတွင် စစ်ဆေးမှုများ ပြုလုပ်ကာ တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မဖြေဆိုနိုင်ပါက ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာခွင့်မပြုကြောင်း မြဝတီမြို့နယ်လူကုန်တားရဲတပ်ဖွဲ့ထံမှ သိရသည်။မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၂) တံတားကိုမူ မြန်မာဘက်က ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်မှ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ပိတ်ပင်ထားဆဲဖြစ်သည်။




news-view-count-icon

5