ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲ လက်ချင်း ကြိုးနဲ့ ချည်ပြီး ခုန်ချသွားတဲ့ သမီးရည်စား စုံတွဲ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို ယေန့ စက်တင်ဘာ ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီလောက်၌ ပြန်လည်တွေ့ရှိခဲ့တယ်ဟု အလောင်းသွားရောက်သယ်ယူတဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူ တစ်ယောက်ကပြောပါသည်။သမီးရည်စားနှစ်ယောက်ဟာ လွန်ခဲ့တဲ့ လေးရက်လောက်က ခုန်ချသွားတာဖြစ်ပါသည်။ခုန်ချသေဆုံးသူ နှစ်ယောက်ဟာ အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ပြီး ရုပ်အလောင်းတွေကို မြောက်ဥက္ကလာပဆေးရုံ ကြီးကို ပို့ဆောင်မှာ ဖြစ်ပါသည်။
ရန်ကုန်တိုင်း၊မြောက်ဒဂုံ ဘေလီတံတားပေါ်မှ လက်ချင်းချည်ပြီး ခုန်ချသွားသည့် စုံတွဲ ရုပ်အလောင်း တွေ့ရှိ
Sep 14 • 9:05 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
19 | 0 | 0 | 0 |