မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် လမ်းတွေရေလျှံနေပြီး ယာဥ်တွေပိတ်နေကြောင်း မြို့ခံများက ပြောပါသည်။စက်တင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲခန့်ကတည်းက ယခုမနက်အထိ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မန္တလေးမြို့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ၃၅ လမ်း၊ ၆၂ လမ်း၊ လမ်း ၆၀၊ ၆၅လမ်း၊ လမ်း ၃၀၊ ၇၄ လမ်း၊ စတဲ့ လမ်းမကြီးတွေရဲ့ နေရာတချို့တွင် ရေနစ်မြုပ်နေတာဖြစ်ပါသည်။ထို့အပြင် ကားများ မောင်းနှင်ရာတွင်လည်း ရေကြီးခြင်းကြောင့် အခက်တွေ့နေရသည်ဟု ဒေသခံများမှပြောပါသည်။ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အောင်မြေသာစံမြို့နယ်၊ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၃လမ်းနဲ့ ၂၄လမ်းကြား၊ ၈၆လမ်းမှာလည်း စိန်ပန်းပင်လဲကျပြီး ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပါသည်။
မန္တလေး လမ်းမများတွင် ကားများ နစ်မြုပ်တဲ့အထိ ရေကြီးနေ
Sep 14 • 7:00 AM
မြန်မာ
မန္တလေး
မျှဝေမည်
4 | 0 | 0 | 0 |