ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော်မြတ်သို့ ရှစ်လအတွင်း ဘုရားဖူးဧည့်သည် ၄.၆၅ သန်းကျော်ဝင်ရောက်

Sep 14 • 6:58 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော်မြတ်သို့ ရှစ်လအတွင်း ဘုရားဖူးဧည့်သည် ၄.၆၅ သန်းကျော်ဝင်ရောက်

ယခုနှစ် ရှစ်လတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး ဧည့်သည်ပေါင်း ၄.၆၅ သန်းဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ပြောကြားသည်။ဘုရား...

ယခုနှစ် ရှစ်လတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး ဧည့်သည်ပေါင်း ၄.၆၅ သန်းဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ပြောကြားသည်။ဘုရားဖူးဧည့်သည်များအနက် နိုင်ငံခြားသားဧည့်သည်ဦးရေ ၅၀,၀၀၀ ကျော်ပါဝင်ပြီး၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံး လာရောက်ခဲ့ကြသည်။ယင်းကာလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၈၇၉၈၉ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၄၇၀၃၀ ပါး၊ ပြည်တွင်းဘုရားဖူး ၄၄၆၈၆၄၃ ဦး၊ နိုင်ငံခြားခရီးသွားဧည့်သည် ၅၀၅၅၃ ဦး စုစုပေါင်း ၄၆၅၄၂၁၅ ဦးဖြစ်သည်။ထိုရှစ်လတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက် မှုသည် ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင် မှ လေးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး အခါကြီးရက်ကြီးများနှင့် ရုံးပိတ်ရက် များတွင် ဘုရားဖူးဝင်ရောက်မှု ပိုမိုများပြားကြောင်း ၎င်းတို့မှ ပြောကြားသည်။

news-view-count-icon

7