ထိုင်းနိုင်ငံ၊လုပ်ပူလီမြို့တွင် မြန်မာ အမျိုးသမီး တစ်ဦး ၎င်းသူငယ်ချင်းဖြစ်သူ၏ ယောက်ျားလက်ချက်ဖြင့် အသတ်ခံရကာသေဆုံးသွား

Sep 14 • 6:05 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊လုပ်ပူလီမြို့တွင် မြန်မာ အမျိုးသမီး တစ်ဦး ၎င်းသူငယ်ချင်းဖြစ်သူ၏ ယောက်ျားလက်ချက်ဖြင့် အသတ်ခံရကာသေဆုံးသွား

ယမန်နေ့ စက်တင်ဘာလ 13ရက်နေ့၊ည 08:30အချိန်ခန့်တွင် ထိုင်းနိုင်ငံ၊လုပ်ပူလီမြို့ ၊အဌားတန်းလျား၌ မြန်မာအမျိုးတစ်ဦး အသတ်ခံခဲ့ရပါသည်။ ဆုံးပါးသွားသူမှာ အသက် ၂၉နှစ်အရွယ်...

ယမန်နေ့ စက်တင်ဘာလ 13ရက်နေ့၊ည 08:30အချိန်ခန့်တွင် ထိုင်းနိုင်ငံ၊လုပ်ပူလီမြို့ ၊အဌားတန်းလျား၌ မြန်မာအမျိုးတစ်ဦး အသတ်ခံခဲ့ရပါသည်။ ဆုံးပါးသွားသူမှာ အသက် ၂၉နှစ်အရွယ် မဇင်မေ ဖြစ်ပြီး ၎င်းမှာ ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ရင်း အငှားတန်းလျားတွင် နေထိုင်နေသူ ဖြစ်ပါသည်။ ဖြစ်စဉ်မှာ မဇင်မေသူငယ်ချင်း ဝါဆို၏ ‌ယောက်ျားမှ ၎င်း၏မိန်းမ မဇင်မေဆီ လာသေးလားဟု မေးရာမှ မဇင်မေမှ မတွေ့မိသလို မလာပါဘူးဟု ဖြေလိုက်ရာ မတွေ့မိရကောင်းလားဆိုပြီး ဓားနဲ့ ထိုးကာ သတ်ခဲ့တာဖြစ်ပါသည်။ရဲများမှ ၎င်းကို စစ်ဆေးရာတွင် ဘယ်ဘက် ရင်အုန်အောက်ဘက်မှာ ဓားဒဏ်ရာ၊ဘယ်ဘက်လက်မှာ ပြတ်ရှရာတို့နဲ့ ဆုံးနေပီး၊လက်က သွေးကြောပြတ်သွားတော့၊သွေးတွေက အများကြီးစီးကျနေသည်ဟု တာဝန်ရှိသူများမှ ပြောပါသည်။ထို့အပြင် တရားခံ နိုင်ဇေ ဆိုသူကိုလည်း အငှားတန်းလျား အနောက်တောထဲ တွင် ရှာတွေ့သွားပြီး ဥပဒေအရ အရေးယူခြင်းများ ပြုလုပ်မည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။

news-view-count-icon

22