ပဲခူးမြို့နယ် မယင်းကျေးရွာအုပ်စုအပိုင် ပြည်တော်အေးကျေးရွာတွင်ရွာသားအချင်းချင်းမှ အနုကြမ်းစီးမှု ဖြစ်ပွါး

Sep 13 • 12:27 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့နယ် မယင်းကျေးရွာအုပ်စုအပိုင် ပြည်တော်အေးကျေးရွာတွင်ရွာသားအချင်းချင်းမှ အနုကြမ်းစီးမှု ဖြစ်ပွါး

စက်တင်ဘာ ၁၀ ရက် ၂၀၂၅ နေ့ည ၈ နာရီခွဲအချိန်ပဲခူးမြို့နယ် မယင်းကျေးရွာအုပ်စုအပိုင် ပြည်တော်အေးကျေးရွာတွင် တရွာတည်းနေ ရွာသားကသူ့၏အပေါင်းပါတယောက်နှင့် လင်မယားနှစ်ယော...

စက်တင်ဘာ ၁၀ ရက် ၂၀၂၅ နေ့ည ၈ နာရီခွဲအချိန်ပဲခူးမြို့နယ် မယင်းကျေးရွာအုပ်စုအပိုင် ပြည်တော်အေးကျေးရွာတွင် တရွာတည်းနေ ရွာသားကသူ့၏အပေါင်းပါတယောက်နှင့် လင်မယားနှစ်ယောက်ထဲနေအိမ်သို့ဝင်ရောက်ပြီးအနုကြမ်းစီးမှု့ဖြစ်ပွါးခဲ့ကြောင်း သိရပါသညိ။ဖြစ်စဥ်မှာပြည်တော်အေးကျေးရွာကားလမ်းဘေး နေအိမ်တွင့်ဖွင့်လှစ်ထားသော မေမေတ္တာကုန်စုံဆိုင်အားတရွာတည်းနေ မြင့်မြတ်အောင်အသက် ၂၀ နှင့်အမည်မသိသူ့၏အပေါင်းပါတယောက်တို့ကအိမ်အပေါ်ထပ်သို့ကြိုတင်ရောက်ရှိနေပြီးအနုကြမ်းစီးခံရကြောင်းကိုအိမ်ပိုင်ရှင် ဦးကျော်လှိုင် ၅၉နှစ်ဒေါ်မာမာကျင် ၅၅ နှစ် လေတခြမ်းဖြတ်ထားသူတို့၏ပြောပြချက်အရအခင်းဖြစ်သည့်ညက ဦးကျော်လှိုင်ကအိမ်ရှေ့တခါးအိမ်နောက်ဖေးတခါးများကိုပိတ်ထားကြောင်း အပေါ်ထပ်ဘုရားစင်အောက်ရှိလူတယောက်ဝင်စာတံခါးကိုတော့ဖွင့်ထားသည်ဟုပြောပြချက်အရသိရသည်။ဦးကျော်လှိုင်မှာ ည ၈ နာရီခွဲတိတိအချိန်တွင်ဘုရားရှိခိုးရန်အတွက်နေအိမ်အပေါ်ထပ်သို့တက်ချိန်တွင်မျက်နှာဖုံးစွပ်ထားသောလူတယောက်မှ ဘယ်အချိန်ကအိမ်ပေါ်ထပ်သို့ရောက်ရှိနေမှန်းမသိဘဲ ၎င်းအားဓားဖြင့်ပြေးထိုးရာ ဦးကျော်လှိုင်မှဓားနှင့်ပြေးထိုးသူအား ဝင်ရောက်လုံးပြီးဓားကိုင်ထားသောလက်အားချုပ်နိုင်ခဲ့ပြီး လက်ကိုလိမ်ထားပြီးလုံးထွေးနေချိန် ကျန်တယောက်မှ ဘာနှင့်ရိုက်မှန်းမသိ ဝင်ရိုက်ပြီး ၎င်း၏ဇနီးဖြစ်သူမှ အောက်ထပ်မှအော်ဟစ်ရာ ဦးကျော်လှိုင်အားဝင်ရိုက်တဲ့သူတယောက်မှလေမိထားသောဒေါ်မာမာကျင်အားရိုက်နှက်ပြီးနားကပ်ကိူဖြုတ်ခိုင်းသည်ဟုသိရသည်။ဦးကျော်လှိုင်မှာအပေါ်ထပ်တွင်၎င်း

ကိုဓားနှင်ဝင်ထိုးသူအားလုံးထွေးသတ်ပုတ်နေရာဓားနှင့်ထိုးသူကမျက်နာဖုံးမှာအသက်ရှုကြပ်လာသဖြင့်ဦးကျော်လှိုင်အားတောင်းပန်ရာ ဦးကျော်လှိုင်မှ အသံမှတ်မိပြီးမျက်နှာဖုံးအားချွတ်လိုက်သောအခါတရွာတည်းနေ မြင့်မြတ်အောင်ဆိုသူဖြစ်ပြီး အောက်ထပ်တွင် ၎င်း၏ဇနီးဒေါ်မာမာကျင်ဆီသို့ပြေးဆင်းခဲ့ရာဒေါ်မာမာကျင်မှာလဲကျနေသည်ကိုဦးကျော်လှိုင်မှထူပေးနေစဥ် တရားခံနှစ်ယောက်မှာတံခါးဖွင့်ပြီးထွက်ပြေးသွားခဲ့သည်ဟုသိရသည်။ရွာသားများရောက်ရှိလာပြီး အပိုင်ဘုရားကြီးရဲစခန်းအားအကြောင်းကြား၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖြစ်စဥ်အားအသေးစိတ်မေးမြန်းပြီး တရားခံများကျန်ခဲ့သည့် အရိုးအသွား ဦးကျော်လှိုင်၏ပြောပြချက်အရ ၁၅ လက်မခန့်ရှိဓားခုတ်ချွန်း ဓားတချောင်းအားရဲတပ်ဖွဲ့ဝင်များကသက်သေခံအဖြစ်သိမ်းဆည်းသွားကြောင်းသိရသည်ရဲတပ်ဖွဲ့ဝင်များကလည်းတရားခံများအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိနေကြောင်းသိရသည်။



news-view-count-icon

6