ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်က လင်ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေပဲ မိန်းမဖြစ်သူကလည်း ဒီနေ့စက်တင်ဘာ ၁၃ ရက်နေ့မှာ ငမိုးရိပ်ချောင်းထဲကိုခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့(12.9.2025)ရက်နေ့မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ငမိုးရိပ်တံတားပေါ်မှာ ဖိနပ်တရံနဲ့ဖုန်းတလုံးကို ချန်ရစ်ကာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ ကောင်မလေးရဲ့ မိသားစုဝင်တွေနဲ့အဆက်အသွယ်ရရှိပြီး ကျန်ရစ်ပစ္စည်းတွေကို အပ်နှံကာ ရဲစခန်းမှာအမှုဖွင့်ဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေမှု ဖြစ်ပွား
Sep 13 • 12:23 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
44 | 0 | 0 | 0 |