မန္တလေးတွင် ပိုးသတ်ပန်းကန်ငှားရမ်းမှုလုပ်ငန်းများပိုမိုတွင်ကျယ်လာနေ

Sep 13 • 4:39 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတွင် ပိုးသတ်ပန်းကန်ငှားရမ်းမှုလုပ်ငန်းများပိုမိုတွင်ကျယ်လာနေ

မန္တလေးမြို့တွင် ပိုးသတ်ထားသောပန်းကန်ငှားရမ်းပေးသည့်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတွင်ကျယ်လာကြောင်းဒေသခံများကပြောပါတယ်။အလှူ၊ မင်္ဂလာဆောင်ကဲ့သို့သော အခမ်းအနားမျာ...

မန္တလေးမြို့တွင် ပိုးသတ်ထားသောပန်းကန်ငှားရမ်းပေးသည့်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတွင်ကျယ်လာကြောင်းဒေသခံများကပြောပါတယ်။အလှူ၊ မင်္ဂလာဆောင်ကဲ့သို့သော အခမ်းအနားများတွင်ကျွေးမွေးဧည့်ခံမှုများပြုလုပ်ရန်အတွက် ပန်းကန်များကိုငှားရမ်းသုံးစွဲလာကြခြင်းဖြစ်ပါတယ်။ဆေးစရာကြောစရာလည်းမလိုဘူး။ နောက်ပြီးသပ်ရပ်သန့်ရှင်းတော့ အတော်လေးအဆင်ပြေတယ်။ အခုနောက်ပိုင်းတော့ ဒီလိုပန်းကန်တွေပဲငှားသုံးလာကြတာပေါ့။ လုပ်တဲ့သူလည်းများလာတယ်"ဟု မဟာအောင် မြေမြို့နယ်က လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပိုးသတ်သန့်စင်ထားသော ပန်းကန်ပြား၊ ဟင်းရည်သောက်ပန်းကန်နှင့် ဇွန်းခရင်းပါသော ပန်းကန်တစ်စုံ ကို ငွေကျပ် ၄၅၀ နှုန်းအထိကျသင့်သော်လည်း လူနှင့်အချိန်ကုန်သက်သာမှုကြောင့် ငှားရမ်းသုံးစွဲသူ များပြားလာခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါပန်းကန်ငှားရမ်းခများမှာ ယမန်နှစ်က တစ်စုံလျှင် ငွေကျပ် ၂၀၀ ဝန်းကျင်သာရှိပြီးလက်ရှိအချိန်တွင် အထွေထွေကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ၂ ဆကျော်အထိဈေးနှုန်းမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

news-view-count-icon

47