ပြည်တွင်း၌ စပျစ်ခြံ တည်ထောင်လိုသူ လုပ်ငန်းရှင်များကို မြေလွတ်မြေရိုင်းများရရှိရန် ဆောင်ရွက်ပေးမည်ဟုဆို

Sep 13 • 2:39 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ စပျစ်ခြံ တည်ထောင်လိုသူ လုပ်ငန်းရှင်များကို မြေလွတ်မြေရိုင်းများရရှိရန် ဆောင်ရွက်ပေးမည်ဟုဆို

ပြည်တွင်း၌ စပျစ်စိုက်ပျိုး တည်ထောင်လိုတဲ့ လုပ်ငန်းရှင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြေလွတ်/မြေရိုင်းများ၌ ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်...

ပြည်တွင်း၌ စပျစ်စိုက်ပျိုး တည်ထောင်လိုတဲ့ လုပ်ငန်းရှင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြေလွတ်/မြေရိုင်းများ၌ ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာခွဲမှ ထံမှ သိရပါတယ်။စပျစ်စိုက်ပျိုးလို့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ပြီးတော့ တောင်သူတွေ၊ လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေကို စိုက်ပျိုးမြေ ချပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကအားဖြင့်စားစပျစ်(TableType)နှင့် ဝိုင်စပျစ်မျိုး(WineType) ဆိုပြီးနှစ်မျိုးစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးတဲ့ အခါမှာလည်း နည်းအမျိုးအစား ၄ မျိုးရှိပါတယ်။ စင်တင်စနစ်၊ Y-ပုံစံစနစ်၊ T-စိုက်ပျိုးနည်းနဲ့ ပင်ထောင်စိုက်ပျိုးနည်း စတဲ့ နည်းစနစ်တွေကိုလည်း မျှဝေပေးသွားမှာဖြစ်ပါတယ်” လို့ ၎င်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။စပျစ်ကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ဖို့အတွက် ရည်ရွယ်ကာ စိုက်ပျိုးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များကို နည်းပညာပေးခြင်းနဲ့ မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ၎င်းဌာနခွဲမှ သိရပါတယ်။စိုက်ပျိုးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအနေနဲ့ မိမိနေထိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ပတ်ဝန်းကျင်ရှိ မြေလွတ်/မြေရိုင်းများတွေ့ရှိပါက စပျစ်စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနရုံးများထံ လျှောက်ထားနိုင်သလို မိမိပိုင်မြေ ဖြစ်ပါကလည်း မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှုနည်းပညာများကို ပူးပေါင်းဆောင်ရွက် ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။နိုင်ငံအတွင်း စပျစ် စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်းသာမက တန်ဖိုးမြှင့်ထုတ်ကုန်စပျစ်ဝိုင်အဖြစ်ပါ ထုတ်လုပ်လာနိုင်ခဲ့ပြီး ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊မန္တလေး၊ စစ်ကိုင်း၊မုံရွာ၊ပခုက္ကူ၊ ရေနံချောင်း၊ရမည်းသင်း၊ ပျော်ဘွယ်စသည့်မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့နယ်များမှာ စိုက်ပျိုးမှုများပြားလာပါတယ်။



news-view-count-icon

43