ကွတ်ခိုင်မြို့နယ်မှာ KTV အပြင် လောင်းကစားဝိုင်းတွေလည်း ပိတ်သင့်ကြောင်းနဲ့ တချို့ ဝပ်ရှော့ဆိုင်တွေမှာ လောင်းကစားကြောင့် အပ်နှံထားတဲ့ ကားတွေကိုရောင်းပြီး ထွက်ပြေးသွားရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွါးနေတယ်လို့ ကွတ်ခိုင်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။အဲဒီ လောင်းကစားဝိုင်းကြောင့် ခိုးဆိုးလုယက်မှုတွေအပြင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ လူကုန်ကူးမှုတွေ ပိုများလာတယ်လို့ နောက်ထပ် ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဲဒီလောင်းကစားဝိုင်းဟာ တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာ စတင်ဖွင့်လှစ်ထားပြီး နှစ်သစ်ကူးအတွင်းသာ ဖွင့်မယ်လို့ ပြောပေမဲ့ အခုအချိန်အထိ ဆက်လဲဖွင့်နေဆဲ ဖြစ်ပါတယ်။



