မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၁၁ရက်နေ့ညက လူငယ်သုံးဦးမှအနုကြမ်းစီးကာ ဖုန်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။အနုကြမ်းစီးပြီး ဖုန်းလုယက်သော လူငယ်သုံးဦးမှာအသက်၂၀အရွယ် ဝန်းကျင်ခန့်သာရှိပြီး ရပ်ကွက်အတွင်း ခိုးဆိုးလုယက်ရန် လှည့်လည်သွားလာနေသည်ကို သတိထားမိခြင်းကြောင့် ရပ်ကွက်နေပြည်သူများမှ စောင့်ကြည့်ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။



