မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ရွှေဆိုင်သိမ်းပြီး အိမ်ပြန်လာစဉ် အိမ်ရှေ့အရောက်၌ ပစ္စည်းများ လုယက်ခံရမှု ဖြစ်ပွားခဲ့ပါသည်။ယမန်နေ့ ည ၇ အချိန်ခန့်က စက်သစ်ရပ်ကွက်၊ ဖိုးချမ်းသာလမ်းတွင် “ဝီရမာန်” ရွှေဆိုင် ဖွင့်လှစ်ရောင်းချနေသူ မမို့မို့သူဇာမှာ ရွှေဆိုင်သိမ်းပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးဇေယျာလင်းနှင့် အိမ်စီးကားဖြင့် နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ အမည်မသိ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ချလာကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး လုယက်ခဲ့တာဖြစ်ပါသည်။မမို့မို့သူဇာ လွယ်ထားသည့် အမဲရောင်လက်ဆွဲ အိတ်တွင်ထည့်ထားသော ရွှေထည် ပစ္စည်းမျိုးစုံ စုစုပေါင်း ၂၀ မျိုး၊ ပျမ်းမျှခန့်မှန်းတန်ဖိုး ၃၇၀,၈၀၀,၀၀၀ ကျပ်ခန့်ကို လုယူသွားခဲ့တာဖြစ်ပါသည်။ထိုအမည်မသိ လူနှစ်ယောက်အား မမို့မို့သူဇာမှ တရားလိုပြုလုပ်၍ တိုင်းကြားချက်အရ သံဖြူဇရပ်မြို့မရဲစခန်း(ပ)၂၀၀/၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၃၉၂ /၁၁၄၊ အမှုကြီးအမှတ်စဉ်(၄/၂၀၂၅)ဖြင့် အမှုဖွင့်ထားပါသည်။
မွန်ပြည်နယ်၊သံဖြူဇရပ်တွင် ရွှေဆိုင်သိမ်းပြီး အိမ်ပြန်လာရာ အိမ်ရှေ့အရောက်တွင် လုယက်ခံရ
Sep 12 • 8:32 AM
မြန်မာ
မွန်
မျှဝေမည်
5 | 0 | 0 | 0 |