မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER ကလပ်တွင် DJ Violet ဆိုသူ အမျိုးသမီးမှ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို Remix ပြုလုပ်ကာ တီးခတ်ခဲ့သည့် video file များအွန်လိုင်းပေါ်တွင် ပေါ်ထွက်လာပြီး ဝေဖန်မှုများစွာ ပေါ်ပေါက်လာခဲ့ပါသည်။ထို့ကြောင့် ယမန်နေ့ စက်တင်ဘာလ (၁၁)ရက် ညပိုင်းတွင် ထိုဆိုင်အား တာဝန်ရှိသူများမှ စစ်ဆေးခဲ့ပြီး ၎င်းဆိုင်မှ ဆိုင်ဝန်ထမ်း ၈ဦး ကို ထိန်းသိမ်းလိုက်တာဖြစ်ပါသည်။ ဆိုင်လည်း ပိတ်သိမ်းလိုက်ရပြီး သာသနာအား ညှိုးနွှမ်းစေမှုနှင့် ပျက်ရယ် ပြုမှုများဖြင့် အရေးယူရန် လုပ်ဆောင်နေပြီဟု တာဝန်ရှိသူများက ပြောပါသည်။
မန္တလေး Cover ကလပ်တွင် ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခွင့်ပြုလို့ ဆိုင်ဝန်ထမ်း ၈ဦး ဖမ်းဆီးခံလိုက်ရ
Sep 12 • 7:34 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 17 | 0 | 0 | 0 |


