ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို ၁၈ ရက်တိုင် ကျင်းပမည်

Sep 12 • 6:50 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို ၁၈ ရက်တိုင် ကျင်းပမည်

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသ ၂၁ ဌာနသို့ ရိုးရာအစဉ်အလာအတိုင်း ၁၈ ရက်တိုင်တိုင် ဒေသစာရီကြွချီ လှည့်လ...

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသ ၂၁ ဌာနသို့ ရိုးရာအစဉ်အလာအတိုင်း ၁၈ ရက်တိုင်တိုင် ဒေသစာရီကြွချီ လှည့်လည် အပူဇော်ခံသွားမှာဖြစ်ပြီး ရိုးရာလှေလှော်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့ထံမှ သိရပါတယ်။အဆိုပါ ဘုရားပွဲတော်အစီအစဉ်အရ စက်တင်ဘာ ၂၂ ရက်နေ့ (သီတင်းကျွတ်လဆန်း ၁ ရက်နေ့) မှာ မူလသီတင်းသုံးစံပယ်တော်မူရာ ရတနာစံကျောင်တော်မှာ ရောင်တော်ဖွင့်ခြင်း၊ အနေကဇာတင်ခြင်းများကျင်းပပြီး ယင်းမှတစ်ဆင့် ကရဝိတ်ဖောင်တော်ဖြင့် အင်းတိန်ကြေးပေါခုံ ကျောင်းသို့ စတင်ပင့်ဆောင်ပူဇော်မှာဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့ (သီတင်းကျွတ်လဆန်း ၇ ရက်)နံနက်ပိုင်းမှာ ညောင်ရွှေမြို့သို့ ဆိုက်ရောက်ပြီး ၃ ရက်ကြာ ကိန်းဝပ်အပူဇော်ခံသွားမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာလ ၉ ရက်နေ့ (သီတင်းကျွတ် လပြည့်ကျော် ၃ ရက်)မှာ မူလသီတင်းသုံးရာနေရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီ၍ စံကျောင်းတော်ဝင်ပွဲ ပြန်လည်ကျင်းပသွားမှာဖြစ်ပါတယ်။ အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး အကြိုပွဲစဉ်များအဖြစ် စက်တင်ဘာလ ၂၆ ရက်နေ့(သီတင်းကျွတ်လဆန်း ၅ ရက်)မှာ ရေလယ်ဧည့်ခန်းမအရှေ့ ရေပြင်ကျယ်မှာ ကျင်းပသွားမှာဖြစ်ကာ ညောင်ရွှေမြို့သို့ ဆိုက်ရောက်တဲ့ စက်တင်ဘာ ၂၈ ရက်နေ့၌ နန်းကပ်ချောင်းမှာ ကျင်းပသွားမှာဖြစ်သလို အောက်တိုဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ရှိ ရေပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ ထင်ရှားလှတဲ့ ရိုးရာဘုရားပွဲတော်တစ်ခုလည်းဖြစ်ကာ ရက်အရှည်ကြာဆုံးကျင်းပတဲ့ ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်း၊ ခြေထောက်ဖြင့် လှေလှော်ခတ်ရသည့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသည် အင်းသား အင်းသူတို့၏ ကိုယ်ပိုင်အားကစားနည်းလည်းဖြစ်တဲ့အတွက် ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်းတွင်သာ တွေ့ရ၊ မြင်ရနိုင်ခြင်းတို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ ဆွဲဆောင်ရာ ပွဲတော်လည်း ဖြစ်ပါတယ်။



news-view-count-icon

13