ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင် မီးပျက်ချိန် များလာသဖြင့်ပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Sep 12 • 6:32 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင် မီးပျက်ချိန် များလာသဖြင့်ပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ မီးပျက်ချိန်များလာသဖြင့် ပြည်သူများနှင့် လျှပ်စစ်မီး ဖြင့်အလုပ်လုပ်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင...

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ မီးပျက်ချိန်များလာသဖြင့် ပြည်သူများနှင့် လျှပ်စစ်မီး ဖြင့်အလုပ်လုပ်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ အစောပိုင်းမှ စ၍ မီးပျက်ချိန် ပိုများလာပြီး ရပ်ကွက်အတွင်း မီးအားနည်းခြင်း ၊ မီးအားမပြည့်ခြင်းကြောင့် လုပ်ငန်းရှင်များ၊ လျှပ်စစ်နှင့်ဆိုင်သည့်လုပ်ငန်းများ အခက်ခဲကြုံနေရပါတယ်။တောင်ကြီးမြို့ ၊ ရပ်ကွက်အတွင်း မီးအား မပြည့်ခြင်း ၊ မီးအား အတက်အကျ မမှန်ခြင်း တို့ကြောင့် အလုပ်လုပ်မရအောင် ဆိုးရွားနေခြင်း ဖြစ်ပါတယ်။ရပ်ကွက်နေ ပြည်သူ တစ်ဦးက"ဟိုတစ်လောတုန်းက ညဘက် ၂ နာရီလောက် မိုးကြိုးပစ်တဲ့ ရက်က စပြီးတော့ မနက်ပိုင်း မီးပျက်သွားတာ ၂ ရက် ကြာတယ်။ တစ်ရက်ခွဲလောက် လုံး၀ မလာတော့ ဘာအလုပ်မှ လုပ်မရဘူး။ နောက်ပြန်လာတော့ လည်း တစ်ရက်ကို ၄ နာရီ ပြည့်အောင် မလာဘူး။ လာတဲ့အခါမှာလည်း မီးအား မပြည့်ဘူး။ နေ့နေ့ညည အဲ့ အတိုင်းပဲ။”ဟု ဆိုသည်။တောင်ကြီး တွင်မနက်အစောပိုင်းတွင် မီးပျက်လေ့ ရှိပြီး ၊ မနက် ၁၀ နာရီအချိန်တွင် ၂ နာရီခန့် လာလေ့ ရှိကြောင်း ၊ ညနေပိုင်းတွင်လည်း ၂ နာရီ ခန့် လာပြီး ၊ ညဘက် လူအိပ်ချိန်မှ ပြန်လာလေ့ ရှိပါတယ်။


news-view-count-icon

4