ရန်ကုန်မြို့က KTV ၊ BAR နဲ့ CLUB တွေမှာ ရောင်းချမယ့် ကျပ်သန်း ၁ ထောင်ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးနဲ့ Happy Water တွေကို ဖမ်းဆီးရမိခဲ့

Sep 12 • 6:23 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့က KTV ၊ BAR နဲ့ CLUB တွေမှာ ရောင်းချမယ့် ကျပ်သန်း ၁ ထောင်ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးနဲ့ Happy Water တွေကို ဖမ်းဆီးရမိခဲ့

ရန်ကုန်မြို့က KTV ၊ BAR နဲ့ CLUB တွေမှာ ရောင်းချမယ့် ကျပ် ၁ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးနဲ့ Happy Water တွေကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်...

ရန်ကုန်မြို့က KTV ၊ BAR နဲ့ CLUB တွေမှာ ရောင်းချမယ့် ကျပ် ၁ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးနဲ့ Happy Water တွေကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။အဲ့ဒီ စိတ်ပြောင်းဆေးဝါးတွေနဲ့ Happy Water တွေကို စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ် တောင်ဂွကျေးရွာအနီးမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။သယ်ဆောင်လာသူနှစ်ဦးမှာ ဖဝေးနဲ့ မျိုးမြင့်ဟန် ဆိုသူတို့ဖြစ်ပြီး သူတို့ဟာ သာစည်မြို့နယ်မှ ပျော်ဘွယ်မြို့နယ်ဘက်ကို မော်တော်ဆိုင်ကယ်နဲ့ သယ်ဆောင်လာတာ ဖြစ်ပါတယ်။သူတို့ နှစ်ဦး သယ်ဆောင်လာတဲ့ စိတ်ပြောင်းဆေးဝါးတွေဖြစ်တဲ့ အက်တက်စီဆေးပြား ၁၁,၂၀၀ ပြား ( ဒေသတန်ဖိုးငွေကျပ်သိန်း ၆,၇၂၀ ) ၊ Happy Water ၈ ကီလို ( ဒေသ တန်ဖိုးငွေကျပ်သိန်း ၉,၆၀၀ ) နဲ့ ကက်တမင်း ၀ ဒသမ ၀၉ ကီလို ( ဒေသတန်ဖိုးငွေကျပ် ၂၇ သိန်း) ၊ စုစုပေါင်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၃၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးတွေကို သာစည်မြို့နယ်မှ ရန်ကုန်မြို့ကို သယ်ဆောင်ပြီး KTV ၊ BAR နဲ့ CLUB တို့မှာ လူငယ်တွေကို ရောင်းချဖို့ သယ်ဆောင်ရောင်းဝယ်တာဖြစ်တယ်လို့ သိရှိရတာကြောင့် သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။



news-view-count-icon

4