ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲအား လာမည့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ နိုဝင်ဘာ ၅ ရက်အထိ ၈ ရက်တိုင်အဝေရာမီးပုံးပျံကွင်း၌ကျင်းပသွားမည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။ပွဲတော်၌ နေ့လွှတ်အရုပ်ပြိုင်ပွဲ အရုပ်ခြေ(၂) ချောင်း၊ အရုပ်ခြေ(၄)ချောင်း အရုပ်အုပ်စုများ၊ ညလွှတ်ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။



