“ဗုဒ္ဓသရဏံ ဂစ္ဆာမိ” သီချင်းအား ကလပ်တွင် DJ တီးခတ်ဖျော်ဖြေခဲ့မိသဖြင့် DJ Violet က လူမှုကွန်ရက်မှ တစ်ဆင့်ပြန်လည်တောင်းပန်လိုက်သည်။“ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို စော်ကားရင် အမျက်ထွက်သလို အားလုံးဖြစ်မယ်ဆိုတာကိုလည်း သိပါတယ်။ ကျွန်မကို အားရပါရပြောကြပါ။ အဲ့ထက်ကြီးတဲ့ အပြစ်တွေရှိရင်လဲ ပေးကြပါ။ တကယ်အနူးအညွန့်တောင်းပန်ပါတယ်။ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူးရှင့်။ မနာလိုတိုက်ခိုက်တယ်ဆိုတဲ့ စကားကလဲ ဘယ်ချိန်လှဲကြမလဲရောပြီးနင်းမယ်ဆိုတဲ့ သူတွေကို ပြောရခြင်းဖြစ်ပါတယ်။ စကားအဆင်မပြေသွားတဲ့အတွက်လဲ တောင်းပန်ပါတယ်။ Edit ပြီး ရေးဖို့ကိုလဲမနေ့ကတည်းက မရလို့ပါ။ ခုမှ တက်ကျွမ်းတဲ့လူမေးမြန်းပီး Edit ရခြင်းဖြစ်ပါတယ်။ မနေ့ကဘာမှမပြောရခြင်းဟာလဲရှင်းလေးအပြောမတက်လေးဖြစ်မှာဆိုးလို့ဘာမှမပြောဘဲညိမ်နေခဲ့ပါ။ အနူးအညွန့်ညိုးငယ်စွာနဲ့ဝန်ချကန်တောတောင်းပန်အပ်ပါတယ်။ တောင်းပန်တဲ့ စကားလုံးထက်ကောင်းတဲ့စကားရှိရင်လဲ ပြောပီးတောင်ပန်ချင်ပါတယ်။ စိတ်အအနှောက်ယှက်ပေးမိ့ခဲ့လိုလဲ တောင်းပန်ပါတယ်နော်။ ကိုယ်ကိုတိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါလျက်နဲ့ သတိမပြုမိ့ဘဲ လုပ်မိ့တဲ့ အမှားအတွက် အားလုံးကိုအနူးအညွန့်တောင်းပန်ပါတယ်ရှင်။ နှောက်နောင် အဲ့လိုအမှားမျိုးမဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင့်။ တပည်တော်မသည် ဗုဒ္ဓမှတစ်ပါး အားကိုးရာမရှိဖြစ်တဲ့တွက် တမင်ရည်ရွယ်လုပ်ခဲ့သော နောင်ဘဝအဆက်ဆက် လူမဖြစ်ရပါစေနဲ့အရှင်ဘုရား။ တပည်တော်မသည် လူရယ်လို့ဖြစ်လာပြီး အသိစိတ်ရှိထည်းက ဗုဒ္ဓမြတ်စွာဘုရားကိုသာ ကိုးကွယ်ယုံကြည်စည်းကပ်ခဲ့ပါသည်” ဟု DJ Violet က လူမှုကွန်ရက်တွင် ရေးသားထားသည်။



