မြန်မာ့ရွှေဈေးဟာ စံချိန်တင်တက်ခဲ့ပြီး ပြင်ပရွှေဈေးတစ်ကျပ်သားကို သိန်း(၈၀)အထိထိုးတက်ခဲ့ရာမှာ အနည်းငယ်ပြန်ကျလာပါသည်။စက်တင်ဘာလ(၁၀)ရက်မနက်ပိုင်းနဲ့နေ့လည်တွေမှာ တစ်ကျပ်သားသိန်း(၈၀)အထိကို တက်သွားခဲ့တာဖြစ်ပြီး စက်တင်ဘာလ(၁၁)ရက်မှာတော့ တစ်ကျပ်သား (၇၉)သိန်း(၆)သောင်းဖြစ်လာခဲ့တာဖြစ်ပါသည်။ပြင်ပဈေးတွေတက်လာပေမယ့် ရွှေရည်ညွှန်းဈေးကတော့ တစ်ကျပ်သား(၅၉)သိန်းဖြင့်ရောင်းဝယ်ဖို့ သတ်မှတ်ထားပြီး ရည်ညွှန်းဈေးဖြင့်သာ ရောင်းချဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ပြောကြားထားပါသည်။
မြန်မာ့ရွှေဈေး ဈေးထိုးတက်ရာမှ အနည်းငယ်ပြန်ကျဆင်းလာ
Sep 11 • 8:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


