ထိုင်းနိုင်ငံ၊ မဲဆောက်တွင် မြန်မာမူးယစ်ဂိုဏ်သားနှစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းမိ

Sep 11 • 7:26 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် မြန်မာမူးယစ်ဂိုဏ်သားနှစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယမန်နေ့၌ မြန်မာနိုင်ငံသားနှစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန AEC News က ဖော်ပြခဲ့ပါ...

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယမန်နေ့၌ မြန်မာနိုင်ငံသားနှစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန AEC News က ဖော်ပြခဲ့ပါသည်။မဲဆောက်မြို့နယ် ဘန်ရွမ်ရန်းရပ်ကွက်ရှိ အိမ်နံ ပါတ်မရှိသော နေအိမ်တလုံးကို ဝင်ရောက်စစ်ဆေးခဲ့ရာ ၃၆ နှစ်အရွယ် ကိုစိုင်းနောင်နှင့် အသက် ၄၀ အရွယ် မချိုတို့ နှစ်ဦးထံမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။၎င်းတို့သည် မူးယစ်ဆေးဝါးတွေ သုံးစွဲရောင်းဝယ်နေသူတွေဖြစ်ပြီးတော့ လက်နက်တွေစုပြီး ဂိုဏ်းပုံစံမျိုးလုပ်ချင်နေတာဟု ထိုင်းရဲတပ်ဖွဲ့မှ ပြောသည်။၎င်းတို့နှစ်ဦးကို မဲဆောက်မြို့မရဲ စခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေတိုင်းအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

news-view-count-icon

6