မန္တလေးမြို့တွင် ယနေ့စက်တင်ဘာ၁၁ ရက်နံနက်ပိုင်းက အိမ်စီးကားနှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်မတော်တဆမှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းသူနှင့်စီးသူ ဒဏ်ရာရရှိခဲ့ပါတယ်။ဖြစ်စဉ်မှာ ယနေ့နံနက်၉နာရီကျော်အချိန်က မဟာအောင်မြေမြို့နယ်၊ လမ်း၈၀နှင့် ၃၉လမ်းထောင့်၌ အိမ်စီးကားနှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါစီးနင်းသူနှစ်ဦးစလုံးမှာ ဒဏ်ရာရရှိသွား၍ အရေးပေါ် Ambulance ယာဉ်ဖြင့်ထွက်ခွာကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်ပြင်ပလူနာဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ပါတယ် ။
မန္တလေး လမ်း၈၀တွင် အိမ်စီးကားနှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်မတော်တဆမှု ဖြစ်ပွား၍ ဆိုင်ကယ်သမား ဒဏ်ရာရခဲ့
Sep 11 • 6:33 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 22 | 0 | 0 | 0 |


