ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးမီးပွိုင့်တွင် စျေးကားနှင့် Box ကားတိုက်မိခဲ့မှု ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ ပြောကြားသည်။ထိုယာဉ်တိုက်မှုကြောင့် အမျိုးသား(၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီး(၁၁) ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသည်။၎င်းတို့အား မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်ဟု လူမှုကူညီရေးအသင်းများမှပြောသည်။
ရန်ကုန်၊ မရမ်းကုန်းမြို့တွင် စျေးကားနှင့် Box ကားတိုက် (၁)ဦး သေဆုံးကာ (၁၁)ဦးဒဏ်ရာရ
Sep 11 • 5:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 10 | 0 | 0 | 0 |


