မြန်မာပြည်တွင်း ရပ်ကွက်များရှိ စက်တင်ဘာ (၁၁)ရက်နေ့ ကြက်ဥ၊ဘဲဥ ပေါက်‌ဈေးများ

Sep 11 • 3:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်း ရပ်ကွက်များရှိ စက်တင်ဘာ (၁၁)ရက်နေ့ ကြက်ဥ၊ဘဲဥ ပေါက်‌ဈေးများ

မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ကြက်ဥ၊ဘဲဥဈေးများ အနည်းငယ်မြင့်တက်သည်။ ဈေးနှုန်းမပြောင်းသော်လည်း အလုံးအရွယ်အစားများ ပို၍သေးသွားသည်။ ကြက်ဥတစ်လုံး  ၄၅၀ ကျပ်က အသ...

မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ကြက်ဥ၊ဘဲဥဈေးများ အနည်းငယ်မြင့်တက်သည်။ ဈေးနှုန်းမပြောင်းသော်လည်း အလုံးအရွယ်အစားများ ပို၍သေးသွားသည်။ ကြက်ဥတစ်လုံး  ၄၅၀ ကျပ်က အသေးဆုံးဖြစ်လာပြီး ကြက်ဥ တစ်လုံး ၅၀၀ ကျပ်၊ ၅၅၀ ကျပ် ဈေးများဖြင့် အမြင့်ဈေးများဖြစ်သည်။ဘဲဥဈေးများတွင်လည်း ဘဲဥအသေးဆုံးတစ်လုံး ၅၅၀ ကျပ်ဈေးဖြစ်သည်။ ဘဲဥတစ်လုံး ၆၀၀ ကျပ်၊ ၆၅၀ ကျပ်၊ ၇၀၀ ကျပ် ဈေးများဖြင့် အမြင့်ဈေးများဖြစ်သည်။ ဆေးဘဲဥတစ်လုံး ၉၀၀-၁,၀၀၀ ကျပ် ဖြစ်လာပြီး ငုံးဥ ၁၀ လုံး ၁၀၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိသည်။ ပင်ရင်းဈေးများတွင် ကြက်ဥ ၁၈ ကီလိုဂရမ် ၃၈၀ ကျပ်၊ ၂၀ ကီလိုဂရမ် ၄၁၅ ကျပ်၊ ၂၂ ကီလိုဂရမ် ၄၅၅ ကျပ်၊ ၂၄ ကီလိုဂရမ် ၄၉၅ ကျပ်‌ဈေးများ ရှိသည်။ ဘဲဥပင်ရင်းဈေးများတွင် ၂၀ ကီလိုဂရမ် ၄၈၀ ကျပ်၊ ၂၁ ကီလိုဂရမ် ၅၂၀ ကျပ်၊ ၂၂ ကီလိုဂရမ် ၅၅၀ ကျပ်ဈေးများ ရှိသည်။ ငုံးဥပင်ရင်းဈေးမှာ တစ်လုံး ၈၇ ကျပ်ဈေးဖြစ်ပြီး ဆေးဘဲဥ ပင်ရင်းဈေးမှာ တစ်လုံး ၇၀၀ ကျပ်ဈေးဖြစ်သည်။ ကြက်ဥ၊ဘဲဥဈေးများမှာ နေရာဒေသအလိုက် အနည်းငယ် ကွာခြားနိုင်ပါသည်။

news-view-count-icon

21