ထိုင်းနိုင်ငံတွင် iPhone 17 Series အသစ်ကြောင့် ငွေကြေး သုံးစွဲမှု ပိုများနိုင်လာ

Sep 11 • 3:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် iPhone 17 Series အသစ်ကြောင့် ငွေကြေး သုံးစွဲမှု ပိုများနိုင်လာ

Apple Inc က စက်တင်ဘာလ ၉ ရက် အင်္ဂါနေ့တွင် ဖုန်းမော်ဒယ်အသစ် လေးမျိုးဖြစ်သည့် iPhone 17၊ အလွန်ပါးလွှာတဲ့ iPhone Air၊ 17 Pro နဲ့ 17 Pro Max တို့ကို မိတ်ဆက်ခဲ့ပါသည...

Apple Inc က စက်တင်ဘာလ ၉ ရက် အင်္ဂါနေ့တွင် ဖုန်းမော်ဒယ်အသစ် လေးမျိုးဖြစ်သည့် iPhone 17၊ အလွန်ပါးလွှာတဲ့ iPhone Air၊ 17 Pro နဲ့ 17 Pro Max တို့ကို မိတ်ဆက်ခဲ့ပါသည်။ထိုင်းနိုင်ငံရဲ့ အကြီးဆုံးမိုဘိုင်းအော်ပရေတာများဖြစ်သည့်  Advanced Info Service နဲ့ True Corporation တို့က အဲဒီဖုန်းတွေကို စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင် ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်မှာ ကြိုတင်မှာယူခွင့်ပေးမှာဖြစ်ပါသည်။Apple ရဲ့ ထိုင်းဝက်ဘ်ဆိုက်တွင် iPhone 17 Pro ရဲ့ ဈေးနှုန်းမှာ ဘတ် ၄၃,၉၀၀၊ iPhone Air မှာဘတ် ၃၉,၉၀၀ နဲ့ iPhone 17 က ဘတ် ၂၉,၉၀၀ဖြစ်ပါသည်။Premium အပိုင်းမှာ Apple ရဲ့ ဘရန်းက ဆွဲဆောင်မှုအားကောင်းတာနဲ့ အရစ်ကျပေးချေနိုင်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးထားတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ iPhone 17 Series ကြောင့် ထိုင်းနိုင်ငံတွင် ငွေကြေး သုံးစွဲမှု မြှင့်တင်ပေးနိုင်ဖွယ်ရှိတယ်လို့ Mr Chowက ပြောပါသည်။

news-view-count-icon

9