သွေးလင်းထက်ရဲ့ ပွဲစဉ် ပါဝင်နေတဲ့ ONE Friday Fights 126 ပြိုင်ပွဲ လက်မှတ်အားလုံးကုန်ပြီ

Sep 10 • 4:47 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

သွေးလင်းထက်ရဲ့ ပွဲစဉ် ပါဝင်နေတဲ့ ONE Friday Fights 126 ပြိုင်ပွဲ လက်မှတ်အားလုံးကုန်ပြီ

စက်တင်ဘာလ ၂၆ ရက်နေ့ကိုရောက်ရင်ကျင်းပမယ့် ONE Friday Fights 126 ပြိုင်ပွဲမှာမြန်မာဖိုက်တာ သွေးလင်းထက်ရဲ့ ပွဲစဉ်နဲ့အတူ ပွဲစဉ်ကောင်းပေါင်းများစွာ ပါဝင်တဲ့ ONE Frid...


စက်တင်ဘာလ ၂၆ ရက်နေ့ကိုရောက်ရင်ကျင်းပမယ့် ONE Friday Fights 126 ပြိုင်ပွဲမှာမြန်မာဖိုက်တာ သွေးလင်းထက်ရဲ့ ပွဲစဉ်နဲ့အတူ ပွဲစဉ်ကောင်းပေါင်းများစွာ ပါဝင်တဲ့ ONE Friday Fights 126 ပြိုင်ပွဲကြီးအတွက် လက်မှတ်အားလုံး ရောင်းကုန်သွားပြီလို့ ONE က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ခေါင်ပွဲမှာ အစောပိုင်းက တာဝမ်ချိုင်းကို ပွဲတည်ပေးထားခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် တာဝမ်ချိုင်း နုတ်ထွက်သွားတာကြောင့် ရှဲဒိုး ကို Short Notice နဲ့ အစားထည့်ခဲ့ပါတယ်။ ရှဲဒိုး ဟာလည်း ဖိုက်တာကောင်းတစ်ယောက်ဖြစ်လို့ ပြိုင်ပွဲ Tempo က လျော့ကျသွားဖို့ မရှိပါဘူး။ မြန်မာဖိုက်တာ သွေးလင်းထက်ဟာလည်း အဲ့ဒီညမှာ အောင်ပွဲရယူနိုင်ခဲ့ရင် အမေရိကန်ဒေါ်လာ တစ်သိန်းတန်စာချုပ်ကြီးရသွားဖို့ရှိနေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ ONE Friday Fights 126 ပြိုင်ပွဲအတွက် လက်မှတ်အားလုံး ရောင်းကုန်သွားခဲ့ပါပြီ။ 



news-view-count-icon

5