မြစ်ကြီးနားမြို့မှာ ရွှေဆိုင်နဲ့ နေအိမ်တွေကို နှစ်ရက်ဆက် ဓားပြတိုက်မှုဖြစ်ပွားခဲ့

Sep 10 • 12:56 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားမြို့မှာ ရွှေဆိုင်နဲ့ နေအိမ်တွေကို နှစ်ရက်ဆက် ဓားပြတိုက်မှုဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃နာရီခွဲတွင် မြစ်ကြီးနား အောင်နန်းရပ်ကွက်ရှိ ရွှေဆန်းလီရွှေဆိုင်မှာ ဆိုင်ကယ်ဦးထုပ်အုပ်ဆောင်းထားသော အမျိုးသား ၃ယောက်မှ ဓားပြဝင်...


ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃နာရီခွဲတွင် မြစ်ကြီးနား အောင်နန်းရပ်ကွက်ရှိ ရွှေဆန်းလီရွှေဆိုင်မှာ ဆိုင်ကယ်ဦးထုပ်အုပ်ဆောင်းထားသော အမျိုးသား ၃ယောက်မှ ဓားပြဝင်တိုက်သွားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။ ဓားပြတိုက်ခံရမှုမှ ရွှေဟန်းချိန်း ၁၀ ကုန်း၊ ရွှေလက်စွပ်အကွင်း ၄၀ နဲ့ ရွှေဆွဲကြိုး အကုံး ၂၀၊ ကာလတန်ဖိုးငွေကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိတယ်လို့သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့က ကချင်စုရပ်ကွက်မှာ လမ်းသွားလမ်းလာ ဒေသခံ အမျိုးသားတစ်ဦးကို ဓားပြတိုက်ရန်ကြိုးပမ်းခဲ့တဲ့ လူငယ် ၆ယောက်ကို ရပ်ကွက်ပြည်သူတွေ ဖမ်းဆီးရမိနိုင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနေ့က လုယက်ခံရတဲ့ အမျိုးသားကတော့ လက်ညှိုးမှာ ပြတ်ရှဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးခံရသူ ၆ ဦးဟာ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မသိရသေးဘူးဟု ဒေသခံများကဆိုပါတယ်။


news-view-count-icon

4