ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တိရစ္ဆာန်ရုံ တစ်ခုတွင် ဝန်ထမ်းတစ်ယောက် ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် ခြင်္သေ့တွေ ဝိုင်းကိုက်လို့ သေဆုံးသွားခဲ့ပါသည်။ဘန်ကောက် Khannayao ခရိုင်မှာရှိတဲ့ အဲဒီဆာဖာရီပါ့ခ်မှာ ယနေ့ မနက် ၁၁နာရီတွင် ဖြစ်ပွားခဲ့တာဖြစ်ပါသည်။၎င်းဟာ ခြင်္သေ့တွေကို ကျောပေးပြီး ပစ္စည်း ကောက်ဖို့ ကုန်းယူချိန် ခြင်္သေ့တစ်ကောင်က ၁၀ မီတာ လောက်အကွာမှ ချဉ်းကပ်လာပြီး နောက်ကနေ ခုန်အုပ်လိုက်ကာ တစ်ခြား သုံးကောင်ကပါ ဝင်ရောက် တိုက်ခိုက် ခဲ့တာဖြစ်ပါသည်။အစပိုင်းတွင် စနောက်နေကြသည်ဟု ထင်ခဲ့ပြီး ၁၅မိနစ်အကြာမှ အကိုက်ခံရမှန်းသိကာ ထိုင်းနဲ့ နိုင်ငံခြားသား ခရီးသွားများက ကားဟွန်းတီးကာ ခြင်္သေ့များအား မောင်းရန် ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါသည်။နောက်ပိုင်းတွင် တခြားတိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေမှ ဝင်ရောက်ထိန်းသိမ်းခဲ့ကာ အပြင်းအထန် ဒဏ်ရာရနေသည့် ဝန်ထမ်းကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံကိုရောက်တဲ့အခါမှာပဲ သေဆုံးသွားခဲ့ပါသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ တိရစ္ဆာန်ရုံတွင် ခြင်္သေ့များ ဝိုင်းကိုက်လို့ တိရစ္ဆာန်ရုံ ဝန်ထမ်း သေဆုံး
Sep 10 • 9:28 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
8 | 0 | 0 | 0 |